Feelings

မေတ္တာတရားတွေဟာ ကိုယ့်အတွက်မဟုတ်ပါဘူးရယ်လို့ ကိုယ့်ကိုကိုယ်လက်ခံလိုက်တဲ့အထိ ခင်ဗျားကျရှုံးဖူးရဲ့လား။

0 mins read

အချစ်က ဘဝမဟုတ်ပါဘူးကွာလို့ နှစ်သိမ့်ခဲ့ဖူးသလို နှစ်သိမ့်တာလည်းခံခဲ့ဖူးရဲ့။ အချစ်ကို ကိုးကွယ်လိုက်မိတဲ့နောက်ပိုင်းမှာတော့ ဖြစ်တည်ပျက်ဆီးမှုလောကကြီးရဲ့အပြင်မှာ ကျွန်တော်ငိုကြွေးနေရတယ်။ ဆုံမှတ်တစ်ခုနဲ့ဝေးရာပျံသန်းရင်း တစ်ဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတဲ့ငှက်ကလေးတစ်ကောင်ကို ခင်ဗျားငေးကြည့်နေဖူးလား။ ဆုံမှတ်တစ်ခုကနေဝေးကွာခြင်းဟာ အခြားဆုံမှတ်တစ်ခုဆီသို့ နီးစပ်ခြင်းတွေဖြစ်သွားတဲ့အခါ ကျန်ခဲ့ရသူက ပိုလွမ်းရပါတယ်။ ကျွန်တော်ရိုက်တဲ့နေရာတည့်တည့်ကိုမှလာနားသွားတဲ့ ခြင်အသေကောင်လေးကို မင်းအသည်းကွဲနေတာလားလို့ မေးဖြစ်တယ်။ ဒီလောကဓံတွေမှာ ကျွန်တော်မပျော်တဲ့အကြောင်း ဘယ်သူ့ကိုရင်ဖွင့်ရမလည်း။ သိပ်ချစ်ပါတယ်ဆိုတဲ့ ခင်ဗျားတောင်ထားသွားသေးတာပဲ။ […]