အရေးပါတဲ့ ချီးထုတ်

ခေါင်းစဉ်ဖတ်ပြီးအံ့သြသွားသလား။မအံ့သြပါနဲ့ တကယ်ကိုအရေးပါ လို့ပါ။ဘယ်လိုအရေးပါလဲရှင်းပြပါမယ်။

မောင်လွင်ရေမင်းအလုပ်မှာအဆင်ပြေရဲ့လားမေးလာတဲ့အခါမျိုးမှာ၊ ဟာပြေတယ်ပြေသလားမမေးနဲ့ အကုန်ပြေတယ်အေးဆေးပဲဆိုပြီးဖြေတယ်ဆိုပါတော့။ ဒါဆိုရင်တခုခုမှားနေပြီ၊အုပ်ချုပ်မှုစနစ်မှာ အလုပ်မလုပ်တဲ့သူတွေရှိနေပြီလို့ပြောလို့ရပါတယ်။အုပ်ချုပ်သူတွေအလုပ်မလုပ်ရင် လက်အောက်ကလူတွေ လုပ်ချင်ရာလုပ်ကြတာထုံးစံပါ။ဒါဆိုလုပ်ငန်းစနစ်တစ်ခုလုံး ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ချီးထုတ်ဆိုတာမျိုးကလဲ မလွဲမသွေ လိုအပ်ပါတယ်။

အဖွဲ့အစည်းတိုင်း၊အသင်းအဖွဲ့တိုင်း၊အစိုးရပါအပါ နေရာတိုင်းမှာချီးထုတ်ကျတဲ့သူဆိုတာလိုအပ်ပါတယ်။သူတို့ကပဲ အဖွဲ့အစည်းတခုကို ပရမ်းပတာမဖြစ်အောင် ထိန်းကြောင်းမှုတွေလုပ်ကြရပါတယ်။အရာအားလုံးက လောကနိယာမအတိုင်း မျှမျှတတရှိနေမှအဆင်ပြေမှာပါ။လူတိုင်းကောင်းနေလို့လဲမရပါဖူး၊ဆိုးတဲ့သူလဲရှိနေမှဖြစ်မှာပါ။

ချိန်ခွင်တစ်ခုလိုမျှတနေဖို့လိုပါတယ်။တစ်ဖက်ကအောက်ကျသွားရင်အခြားတစ်ဖက်က ထောင်တက်လာမှာအသေချာပါပဲ။ဥက္ကဌကသဘောကောင်းတယ်ဆိုရင် သူ့အောက်ကလူအချို့က စည်းကမ်းတင်းကြပ်ပြီး သဘောမကောင်း ချီးထုတ်ကျဖို့ကို လုပ်ငန်းသဘောအရ လိုကိုလိုအပ်ပါတယ်။

အဖွဲအစည်းတစ်ခုမှ သဘောကောင်းအဆင်ပြေတဲ့သူနဲ့ ချီးထုတ်ဆိုတာကိုလည်း အမြဲပုံသေမှတ်လို့မရနိုင်ပါဖူး။သိပ်သဘောကောင်းတဲ့ ငါတို့အမ မန်နေဂျာဖြစ်သွားမှ အရမ်းချီးထုတ်ကျလာတယ်ဆိုတာမျိုးကိုတွေ့ဖူးမယ်ထင်ပါတယ်။ချီးထုတ်ဘဲကြီးလဲ အခုမှငြိမ်သွားတယ်ဆိုတာမျိုးလဲရှိတယ်။

ဒီဘဲချီးထုတ်ကျတယ်ကွာ မန်နေဂျာအမြန်ဖြစ်ပြီးအခြားမြို့ကိုလစ်ကွာလို့သိပ်ဆုတောင်းမကြမ်းပါနဲ့။သူက အဲ့ဒီမြို့ရောက်ချိန်မှာ အလွန်တရာမှသဘောကောင်းတဲ့မန်နေဂျာကြီးဖြစ်ပြီး သူ့နေရာကိုတက်လာတဲ့ သဘောကောင်းတဲ့ အမဂျီးကလဲ သူ့ထက်ကဲ ရွှေပြည်စိုး ချီးထုတ်ဖြစ်နေတက်ပါတယ်။

ဒါကြောင့် သင်ချီးထုတ်ဖြစ်လို့လဲစိတ်မညစ်ပါနဲ၊အလုပ်လုပ်တဲ့သူကချီးထုတ်ဖြစ်တက်ပါတယ်။ချီးထုတ်များကိုလဲ မမုန်းကြပါနဲ့ သူတို့လဲလုပ်ငန်းအတွက်လိုအပ်လို့ချီးထုတ်ကျရတာပါလို့???

Advertisements