လယ်သမား နဲ့ နွားလား

တခါတုန်းက လယ်သမားတစ်ဦးမှာ လယ်ထွန် ကုန်သယ် ခိုင်းစေလို့ရတဲ့ နွားလားတစ်ကောင် ရှိတယ်။ အာ့နွားလားအတွက် တစ်ရက်ကို ကောက်ရိုး လေးပေါင်လောက်တော့ ကျွေးရတယ်တဲ့…။

တစ်နေ့မှာတော့ လယ်သမားဟာ အကြံတစ်ခုဖြစ်တယ်… နွားလားကို ကောက်ရိုး သုံးပေါင်ပဲကျွေး ခိုင်းလို့ရနိုင်မလားပေါ့…။

ဒါနဲ့ပဲ တစ်နေ့ကို ကောက်ရိုးသုံးပေါင်သာ ကျွေးပြီး သူ့တစ်နေတာအလုပ်တွေ ခိုင်းစေတယ်…။

အဆင်ပြေတော့ သုံးပေါင်ကနေ နှစ်ပေါင်ပဲကျွေး ခိုင်းပြန်တယ်…။

ဒီလိုနဲ့ လယ်သမားဟာ နွားလားတစ်နေ့တာအစာကို လျော့ကျွေးပြီး ခိုင်းလာလိုက်တာ တစ်ရက်ကို ပေါင်ဝက်ခန့်ပဲ ကျွေးတော့မယ့်အလုပ် နွားလားကြီးဟာ လုပ်ရတဲ့အလုပ်နဲ့ စားရတဲ့အစာ မမျှတတော့ သေပါလေရော…။

အာ့အခါမှာတောင် လယ်သမားမိုက်က သူ့နွားလားအသေကြီးကိုကြည့်ပြီး ဒီလိုငိုလေရဲ့…..

“အိုလောက ငါသည်ကံဆိုးလွန်းလှပါတကား… မည့်သည့်အစာမှ မကျွေးပဲ ခိုင်းလို့ရကာနီးမှ ငါ့နွားလေးကို အဘယ်ကြောင့် သေစေရပါသလဲ…”တဲ့…။

သင်တို့ရဲ့ဝန်ထမ်းတွေကို တစ်နှစ်လုံး တစ်ရက်မှ ပိတ်ရက်မပေးရပဲ ခိုင်းလို့ ရခါနီးမှ ဝန်ထမ်းတွေ အလုပ် ထွက်ကုန်တယ်လို့တော့ မပြောကြေး???

Advertisements