Legend Helsinki Editions iPhone

iPhone 11 Pro ကို ၁၇ သိန်းခွဲလောက်ပေးရလို့ ဈေးကြီးတယ်လို့ ထင်စရာရှိပေမယ့် Legend iPhone 11 Pro နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူးလို့ ဆိုရလောက်ပါတယ်။ Legend Helsinki Custom-made versions ဟာ ကျောဘက်မှာ 18K ရွှေသားကွပ်ထားတာဖြစ်ပါတယ်။ဒီလိုမျိုး ဆန်းဆန်းပြားပြား ရွှေသားနဲ့ iPhone 11 Pro ရဲ့ဈေးနှုန်းက ယူရို ၃၃၉၀ (မြန်မာငွေ ၅၇ သိန်းနီးပါး) ကျသင့်ပါလိမ့်မယ်။

Legend Helsinki Editions

ဒါကိုမှ ဈေးပေါတယ်လို့ ထင်နေသူတွေအတွက် Emperor Edition ရှိနေပါသေးတယ်။ ကျောဘက် ဖန်သားကိုယ်ထည်အစား ကျောက်စိမ်းသားနဲ့ ပြုလုပ်ပေးမှာပါ။ ဝယ်သူစိတ်ကြိုက် ကျောက်သားပေါ်မူတည်ပြီး ဈေးနှုန်းကလည်း ပြောင်းလဲသွားဦးမယ်လို့ ဆိုပါတယ်။Legend Helsinki မှာ ဈေးတူပြီး ခြားနားတဲ့ ဒီဇိုင်းပုံစံတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ iPhone ကို စိတ်ကြိုက် ဒီဇိုင်းဆင်လို့ရမှာပါ။ ဒါပေမယ့်လည်း နောက်ဆုံးပေါ် Edition ကတော့ အရေအတွက်ကန့်သတ်ထားတဲ့ မျိုးကွဲတွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲက တစ်မျိုးကတော့ “Firmamentum” လို့ ခေါ်ပါတယ်။

Advertisements