လျှာရှည်တဲ့ နတ်သမီးတစ်ထောင်

တစ်ခါက တာဝတိံသာမှာ နတ်သမီးတစ်ထောင်ဟာ

နတ်သားအလာကို နှစ်များစွာစောင့်နေသော်လည်း ရောက်မလာသဖြင့်

သိကြားမင်းဦးမာဃထံ သွားမေးကြတဲ့အခါ …..

သိကြားမင်းဦးမာဃလည်း နတ်မျက်စိနဲ့ ကြည့်လိုက်တော့

နောက်ထပ်( ၇ )ရက်မြောက်မှာ…..

လူ့ဘဝကသေဆုံးပြီး နတ်သားဖြစ်လာ့မယ့် လေဖြတ်နေတဲ့

ကပ္ပိယကြီးရောက်လာမယ့်ဆိုပြီးပြန်ပြောလိုက်တယ်။

နတ်သမီးတွေဟာ သူတို့ဆီလာမယ့်

နတ်သားဖြစ်သူကို စပ်စပ်စုစု လူ့ပြည်သွားပြီး

အမြန်လာဖို့ သွားပြောကြသတဲ့။

ကပ္ပိယကြီးက သူ့မှာလေဖြတ်နေတာ

ဘာကုသိုလ်ကြောင့် နတ်သားဖြစ်မှာလဲမေးတော့

နတ်သမီးတွေက ပြောပြကြတယ်၊

လေဖြတ်ပြီး ဖင်ဒရွတ်ဆွဲ သွားတဲ့အခါ

လမ်းက အမှိုက်တွေ မြက်တွေရှင်းနေပြီး…..

ထိုနေရာပေါ်မှာ ရဟန်းသံဃာတွေ သွားလာရ

အဆင်ပြေချောမွှေ့တယ်၊

ဒီကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားဖြစ်မယ်ပြောတော့….

ကပ္ပိယကြီးကစဉ်းစားတယ်

ဒီကုသိုလ်လေးကတောင် တာဝတိံသာထိပို့ပေးပါလားဆိုပြီး

ဝမ်းသာအားရ နဲ့ ဘေးနားက မြက်ပင်တွေကို လက်လှမ်းမှီသလောက် နှုတ်ပြီး ကုသိုလ်ပြုသတဲ့။

အဲ့ဒီမှာ ကုသိုလ်တရားတွေ ပိုများပြီး

ကပ္ပိယကြီးဟာ (၇)ရက်ပြည့်လို့သေတော့…..

တာဝတိံသာနတ်ပြည်ကိုကျော်ပြီး….

တာဝတိံ သာထက်မြင့်တဲ့ နတ်ပြည်ကို ရောက်သွားသတဲ့။

လျှာရှည်ပြီး သတင်းသွားမေးမိတဲ့နတ်သမီးတစ်ထောင်တော့

ကံမကောင်းစွာပဲ နတ်သားမရှိတဲ့ ဘဝမှာ

အထီးကျန်အဖြစ် အပျိုကြီးဘဝနဲ့နိဂုံးချုပ်လိုက်ကြရသတဲ့။

အဲ့ဒါကြောင် နေရာတကာ ပါပြီး စပ်စုတဲ့သူတွေ

လျှာရှည်တဲ့သူတွေဟာ အခွင့်ရေးတွေ နဲ့ လွဲချော်တတ်ပါတယ်ဆိုတာ မှတ်ကြပါကုန်လော့??✌️

Advertisements