စစ်သူကြီးဗန္ဓုလ

ဗန္ဓုလ စစ်သူကြီးဟာ သူ့မဒီ မလ္လိကာ ကိုခေါ်ပြီး ဝေသာလီပြည်ကို ဗီဇာ တွေ Passport တွေမပါပဲ ကျူးကျော်လာတယ်။ လိစ္ဆဝီမင်းသား တွေရဲ့ မင်္ဂလာကန်ဟာ Tourist Attraction ပဲ။ ဗန္ဓုလ ရဲ့ မြင်းရထားသံကို ကြားတော့ လိစ္ဆဝီမင်းသား မဟာလိဟာ ဘီးခွန်ကောက်ဖို့ ဘောင်ချာရေးနေပြီ။ ဒါပေမယ့် ဗန္ဓုလက အောက်လမ်းက ခိုးဝင်သွားတယ်။
ဗန္ဓုလ ဆိုတာ ကောသလပြည်က အာဏာရှိစစ်သူကြီး။ သူမှာသာ အခြားအကြံအစည်မရှိရင် သူငယ်ချင်း အရင်းလည်းဖြစ်၊ Friendship Goal ဘာညာ ပေါက်ကရပုံတွေ လျောက်ရိုက်ဖူးတဲ့ထိ ခင်မင်တဲ့ သူ့ကို Hi..သားကြီး နေကောင်းလား။ ဘာညာနှုတ်ဆက်ပြီး ကောသလတပ်က ထွက်တဲ့ Army Rum တစ်လုံးလောက် ပေးဖို့ကောင်းတယ်။
ဒါ့အပြင်သူဟာ ချမ်းလည်း ချမ်သာတယ်။ ဗန္ဓုလဟာ မဟုတ်တရုတ် လုပ်တော့မယ်လို့ မဟာလိသိတယ်။
ဝေသာလီပြည် မင်္ဂလာရေကန်တော်

ဗန္ဓုလက.. .မောင်ကြီးအချစ်ကို မင်္ဂလာရေကန်မှာပဲ သက်သေတည်လိုက်ပြီ ဆိုပြီး ခါးကြီးထောက်မိန့်မိန့်ကြီးပြုံးနေတယ်။
မိလ္လာကာက…ဒါမှ လိ မောင်ကြီးတော့်ဆိုပြီး ဗန္ဓုလကိုဖတ်။ ဗန္ဓုလ ပါး ၂ ဖက်ကို အာဝါး ရှုလူးပြီး မင်္ဂလာရေကန်ဖက်ကို လျောက်သွားတယ်။
ရေကပ်အစပ်မှာ အပေါ်ရုံဝတ်ဆုံကို ချွတ်ပြီး အသင့်ဝတ်လာတဲ့ swim suit နဲ့ cat walk လျောက်သလို လျောက်သွားတယ်။
ဗန္ဓုလက နောက်ကနေကြည့်ပြီး တွေးတယ်။ စုလှိုင်ဝင်း လောက်တော့ သနားတယ်…တဲ့။ :-P မလ္လိကာ ခေါင်းဆေးမင်္ဂလာပြုတယ်။ Clear နဲ့။ ဗောက်တွေ ကိုလက်သည်းနဲ့ ကုပ်ခြစ်ပြီး ခရစ်စတီယာနို ရော်နယ်ဒို လည်း ဗောက်တွေနဲ့နော်လို့ တွေးနေတုန်း ဗန္ဓုလက လှမ်းဟောက်တယ်။
…ဟဲ့ ဗိုင်းနာမ မြန်မြန်လုပ်၊ ဒါ လိစ္ဆဝီမင်းသားတွေ ရဲ့ မင်္ဂလာကန်။ ခဏနေ သူတို့ လိုက်လာတော့မှာ။ ကိုယ့်ကိုကိုယ် ရွှေမှုံ ရတီ ထင်မနေတဲ့။

ဝေသာလီ ပြည်က လိစ္ဆဝီလွှတ်တော်

မင်းပျိုမင်းလွင် မင်းသားငယ်လေးတွေ အရမ်းဒေါသထွက်ကြတယ်။ ဒါတော့ ဗန္ဓုလ Foul တယ်။ ဗန္ဓုလ နောက်ကိုလိုက်မယ်။ လိစ္ဆဝီ မြင်းတပ်ဟာ အရှေ့တောင်အာရှမှ အကောင်းဆုံး အင်အားအတောင့်ဆုံး တပ်မတော်ဖြစ်တယ်။ မကြာခင် စင်္ကပူကို ကျော်တက်မယ့် တပ်မတော်ကို ဒါမျိုးလာ မ Foul နဲ့ဆိုပြီး လလလလ တွေလုပ်ကြတယ်။
လွှတ်တော်က သဘောတူတယ်။ မဟာလိက သဘောမတူဘူး။ တားတယ်။ လွှတ်တော်ရဲ့ အထက်မှာ ပင့်ကူအိမ် ပဲ ရှိတယ်ကွလို့ မင်းသားငယ် တွေက ပြောတော့ အိပ်ငိုက်နေတဲ့ အမတ် (လိစ္ဆဝီ) တွေ တရေးနိုးလာတယ်။
မဟာလိ လက်လျော့လိုက်တယ်။ ပြီးတော့ စစ်ထွက်မိန့်ခွန်းကို Live လွှင့်ရင်းပြောတယ်။ မိဘပြည်သူများခင်ဗျာ….အဲ မှားလို့
အို…အသင်မင်းသားတို့ သင်တို့ဟာ တိုင်းပြည်ရဲ့ Hansaplast များ ဖြစ်တယ်။ ရေစိုခံအောင်လုပ်ကြ။ ဟာ..မှားပြန်ပြီ။ မဟာလိဟာ အလွဲလွဲ အချော်ချော်တွေဖြစ်နေတယ်။
သင်တို့ဟာ တိုင်းပြည်ရဲ့ အနာဂါတ်တွေဖြစ်တယ်။ ကိုယ့်အသက်ကို ကိုယ်ဖက်နဲ့ထုပ်ထားကြ။
လွှတ်တော် ထဲ ရောက်ရင် ပေါက်ကရပြောတတ်တဲ့အကျင့်ကို သူမထိန်းနိုင်ဘူး။ ဒါကြောင့်
ကဲမင်းသားတို့….ငါအထူးမှာကြားချင်တာက သင်တို့ဟာ စစ်ချီတဲ့အခါမှာ
၁။ ရှေ့နောက်တစ်တန်းတည်း မဖြစ်စေနဲ့။
၂။ ဗန္ဓုလ ရဲ့ ရထားဘီးဟာ မြေကိုတစ်ဝက်ကျွံလာပြီဆိုရင် ဆက်မလိုက်နဲ့တော့။
၃။ မိုးချုန်သံကဲ့သို့ အသံကြီးကြားရင် ပြန်လှည့်ခဲ့ကြတော့။
အဲ့လိုမှ မဟုတ်ရင်….ငါအရမ်းတွေ စိုးရိမ်နေပါပြီနော်…အိုက်စ်…ဆိူပြီး စင်ပေါ်က ဆင်းသွားတယ်။ လိစ္ဆဝီမင်းသားတွေ ချပ်ဝတ်တန်ဆာတွေ ဝတ်၊ နေထူးနိုင်ရဲ့ မီးလက်ဝါး သိုင်းကားကို ကြည့်ပြီး စစ်စထွက်တယ်။
(ဒူမားဂျာဟေ့….ဒူမားဂျာဟေ့.. .Doom Domm Doom…)

#Dr-Lwin_ko

Advertisements