ဘာကိုနင်းမှာလဲ အမကြီး

အမျိုးသမီးတစ်ယောက်ယဉ်မောင်းလိုင်စင်လာဖြေတာသုံးခါရှိပြီ၊မအောင်သေးဘူး။ခုတစ်ကြိမ်နဲ့ဆို လေးကြိမ်မြောက်။ဒီတစ်ကြိမ်တော့အောင်ကိုအောင်ရမယ်လို့ အံခဲထားတယ်။စာမေးပွဲစစ်တဲ့သူ မေးခွန်းကအရင်အခါတွေနဲ့တူတူပါပဲ။
ဒါပဲပြန်မေးတာ … …
?‍♂️အမကြီးက ကားကိုတစ်နာရီမိုင် ၁၀၀ နှုန်းနဲ့မောင်းလာတယ်ဆိုပါတော့။ လမ်းတစ်ဖက်က တောင်နံရံ၊လမ်းတစ်ဖက်ကချောက်ကြီး၊ လမ်းပေါ်မှာကအဘိုးကြီးတစ်ယောက်လဲနေတယ်။ကလေးတစ်ယောက်က သူ့ခွေးလေး လမ်းပေါ်လျှောက်ပြေးနေလို့လိုက်ဖမ်းနေတယ်။အဲဒါဆို အမကြီးဘာကိုနင်းမလဲဖြေပါ။
?ရှင်တို့က မလွန်လွန်းဘူးလား။
?‍♂️ဘာလို့လဲဗျ။
?ကျမပထမအခေါက်တုန်းက ခွေးလေးကိုတက်နင်းမယ်လို့ဖြေတော့ စာမေးပွဲကျတယ်လေ။
?‍♂️အင်းလေ……မှားတာကိုး။
?ဒုတိယအခေါက်ကျတော့ အဖိုးကြီးကိုနင်းမယ်လို့ဖြေတော့ကျတာပဲ။
?‍♂️ဒါလဲ မှားတာကိုး။
?တတိယတစ်ခေါက်မှာ ကလေးကိုနင်းမယ်လို့ ဖြေတော့လဲကျတာပဲ။
?‍♂️အင်းလေ…။
?ဒါဆိုဖြေကြည့်ပါအုံး။ရှင်ဆိုရင်ရော ဘာကိုနင်းမလဲ လို့။
?‍♂️ဘရိတ်
?ငင့်