မိသားစုပြိုင်ပွဲလေး စလိုက်ရအောင်


ကျွန်တော်က မေးခွန်းတွေ ဆက်တိုက်မေးသွားမယ်။
မေးခွန်းတစ်ခုကို ဖြေဆိုချိန် ငါးစက္ကန့်ပဲရမယ်။ မသိတဲ့မေးခွန်းဆို ကျော်ချင်ရင် ကျော်လိုက်ပါ။ စုစုပေါင်း မေးခွန်းနှစ်ဆယ်ရှိတယ်။ အားလုံးဖြေဆိုပြီးမှ ပရိတ်သတ်အယောက်တစ်ရာရဲ့အဖြေနဲ့
တိုက်ကြည့်ပြီး အမှတ်ပေး ဆုငွေသတ်မှတ်မယ်။
ရယ်ဒီပဲလား”
“ရယ်ဒီ”
“နေရာယူပါ”
ကိုသာအေးက အိမ်မြောင်ဥလောက်
သူ့လက်မောင်းကြီးတွေပေါ်အောင်
အင်္ကျ ီလက်ကို အဆုံးထိ ခေါက်တင်လိုက်ပြီး
လက်နှစ်ဖက် နောက်ပစ်ထားလိုက်တယ်။
“ကဲ စမေးပြီ။
မြေအောက်မြို့တော်လို့ပြောလိုက်တာနဲ့ ဘာကိုအရင်ပြေးမြင်လဲ”
“လေ”
“ဖုန်းအော်ပရေတာလို့ပြောလိုက်တာနဲ့ ဘာကိုအရင်ပြေးမြင်လဲ”
“ရေမြင်းပါးစပ်”
“အကောင်တကာ့အကောင်တွေထဲမှာ
လူသိအများဆုံးအကောင်”
“ဂျင်းကောင်”
“စူပါမင်းဆိုတာ မြန်မာလို ဘာအဓိပ္ပါယ်လဲ”
“ဝေဠုကျော်”
“လူချမ်းသာဖို့ထက် ဘာချမ်းသာဖို့အရေးကြီးလဲ”
“like and comment “
“ကမ္ဘာ့အသေးဆုံး ခွေး”
“ခခွေး”
” ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး ရှိခိုးအိပ်နိုင်တာ”
“ထီလက်မှတ်”
“စကားပုံတွေမေးမယ်။ဘုံလုံတစ်လှည့်ရဲ့အနောက်က…”
“ငါးပိရည်တစ်လှည့်”
” တုံးခုလို့မှ လှမ်းမရရင်……”
“ဂျပု”
“မေးပါများ…”
“အာညောင်း”
“သစ်တစ်ပင်ကောင်း…..”
“တရုတ်ပြည်ပို့”
“တော်လေးဝဝင်တဲ့ အမျိုးသမီးတွေဆိုတာ ဘယ်သူတွေလဲ”
“မအေးသောင်း၊ လုလုအောင်၊ ရွှေမှုံရတီ၊ ဇွန်သဉ္ဇာ”
“မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နေ့က ဘယ်နေ့လဲ”
“မြန်မာအလံ စလွှင့်တဲ့နေ့”
“လူဆိုတာ ဘာနဲ့မကင်းဘူးလဲ”
“Facebook နဲ့”
“ဆေးလိပ်သောက်ခြင်းသည် ဘာဖြစ်စေနိုင်သည်လဲ”
“မီးခိုးထွက်စေနိုင်သည်”
“နယူတန်ဟာ ပန်းသီးပြုတ်ကျတာမြင်တော့
ဘာကိုတွေးမိသွားလဲ”
“ကောက်စားဖို့”
“ရုပ်လှဖို့ထက် ဘာလှဖို့အရေးကြီးလဲ”
“ပရိုဖိုင်ပုံ”
“ကမ္ဘာ့အသေးဆုံးဖားက ဘာဖားလဲ”
“အပ်နဖား”
“အသေးဆုံးထောင်”
“ပစ်တိုင်းထောင်”
“အမျိုးသမီးတွေဘဝ လုံခြုံမှုရှိအောင်
နိုင်ငံတော်က ဘာလုပ်ပေးသင့်သလဲ”
“အတွင်းခံဝတ်ပေးသင့်တယ်”
“ဟုတ်ကဲ့ ပရိတ်သတ်ကြီးခင်ဗျာ။
အခုဆို မေးခွန်းနှစ်ဆယ် ပြည့်သွားပါပြီ။
ကိုသာအေးဟာ မေးခွန်းတွေမှန်သမျှကို
တစ်ခုမှမကျော်ဘဲ မဆိုင်းမတွ ဖြေသွားပါတယ်။
ဒါပေမယ့် သူ ဆုရ၊မရတော့ မသိပါဘူး။
သူ့ကို ရွာသာကြီးပို့မယ့်ကားကတော့
အဆင်သင့်ဖြစ်နေပါပြီ။
လက်ခုပ်တီးပြီး အားပေးလိုက်ကြပါဦး”
“ဖြောင်း ဖြောင်း ဖြောင်း”

Advertisements