Xiaomi ရဲ့ Qin 2 AI 4G Phone

Xiaomi  ရဲ့ဂေဟစနစ်မိတ်ဖက်  ကုမ္ပဏီ QIN က အလွန်ထူးခြားသောစမတ်ဖုန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။အရင်ကကဖြန့်ချိခဲ့သော QIN 1 နှင့် QIN 1S များ၏အောင်မြင်မှုကိုထည့်သွင်းစဉ်း စားပြီးတော့ စျေးနှုန်းသက်သာသည့်စမတ်ဖုန်းကိုမူရင်းအချိုးအစားအတိုင်း ထုတ်လုပ်လိုက်တာကို သုံးစွဲသူများက အံ့အားသင့်ခဲ့ကြရပြန်တယ်။

 Website အတော်များများက ဖုန်းအသစ်ကို“ QIN 2” ဟုခေါ်ကြပေမယ့်၊ ၎င်းရဲ့ရံပုံငွေရှာဖွေရေး Site မှာတော့  “AI-assistant / 4G phone” လို့ပဲခေါ်ဆိုခဲ့ပါတယ်။ပုံမှန်မဟုတ်တာက ဖုန်းရဲ့ display ပါပဲ။ ၅.၀၅ လက်မရှိပြီး resolution သည် 1440 × 576 pixels နှင့် 22.5: 9 aspect ratio ရှိပါတယ်။  ပုံစံက ကျစ်လစ်ပြီး၊အလျားရှည်ပါတယ်။

ဖုန်းအလေးချိန်က ၁၀၅ ဂရမ် ရှိတဲ့ ချောကလက်ချောင်း လိုပါပဲ။ ကိုယ်ထည်ကိုတော့ ပိုလီကာဗွန်နိတ်ဖြင့်ပြုလုပ်ပေးထားပါတယ်။

QIN 2 မှာ 5 MP ရှိတဲ့ ကျောဘက်ကင်မရာတစ်ခုသာရှိပါတယ်။ ရှေ့ကင်မရာတော့ မပါ ပါဘူး။

ခလုတ်အားလုံးကိုညာဘက်ခြမ်းတွင်ထားပြီး SIM ကဒ်အထိုင်ကိုဘယ်ဘက်မှာ ထားပေးထားပါတယ်။ဖုန်းရဲ့ XiaoAI voice assistant ကိုသီးခြားခလုတ်နဲ့ဖွင့်လို့လဲရပါတယ်။ဖုန်းကို Spreadtrum SC9832E ပရိုဆက်ဆာဖြင့်အသုံးပြုထားပြီး 1GB RAM နှင့် 32GB(ထပ်တိုးမရ) ပါရှိပါတယ်။

QIN 2 မှာ 2100mAh ဘက်ထရီပါရှိပြီး Android Go စနစ်ကိုအသုံးပြုထားပါတယ်။ ပြီးတော့ 4G modem စနစ် ၊ Bluetooth 4.2 စနစ် ပါရှိပြီး အီလက်ထရောနစ် ပစ္စည်းများကိုအဝေးထိန်းအဖြစ်အသုံးပြုရန် IR port တစ်ခုလည်းပါရှိပါတယ်။

QIN 2 ကို  ပန်းရောင်၊ အပြာရောင် ၊အနက်ရောင်နှင့် အနီအရောင် စသဖြင့်  အရောင် ၄ မျိုးဖြင့်ရရှိနိုင်ပါတယ်။ စျေးနှုန်းကတော့ 73 USD နဲ့ ရရှိနိုင်ပါတယ်။

Advertisements